Main menu

အသေးစားစက်မှုလုပ်ငန်းများ ဒီဂျစ်တယ်ဈေးကွက် ဖွံဖြိုးမှုဆိုင်ရာ အသိပညာပေးဆွေးနွေး

Powered by Drupal

ညောင်ဦးခရိုင်၊ ညောင်ဦးမြို့တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဒီဂျစ်တယ်ဈေးကွက် ဖွံ့ဖြိုးမှုဆိုင်ရာနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ( ၁၇ ) ရက်နေ့၊ နံနက် (၀၉၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

          ညောင်ဦးခရိုင်အတွင်းရှိ MSME လုပ်ငန်းရှင်များအနေဖြင့် ဒီဂျစ်တယ် Online စနစ် Digital Marketing စနစ်များဖြင့် ဈေးကွက်ဖွံ့ဖြိုးမှုများ ရရှိစေရေးရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ရာ ရှေးဦးစွာ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သီတာ ထွန်းက ဆွေးနွေးပွဲကျင်းပရသည့်ရည်ရွယ်ချက်မှာ MSME လုပ်ငန်းများကို Digital နည်းပညာဖြင့် ဈေးကွက်အောင်မြင်မှုရရှိစေရန်ဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာတွင် Digital နည်းပညာသည် လွန်စွာ အရေးပါလျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် Digital နည်းပညာသည် မဖြစ်မနေလိုအပ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရေရှည် ဈေးကွက်အောင်မြင်ရေးကို ဆောင်ရွက်ကြရာတွင် Traditional Marketing အပြင် Digital Marketing ကိုပါပူးတွဲဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းစိုးမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းဆိုင်ရာ  သိကောင်းစရာများအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးတင်မျိုးခိုင် က ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

          အဆိုပါ အသေးစားစက်မှုလုပ်ငန်းများ ဒီဂျစ်တယ်ဈေးကွက်ဖွံဖြိုးမှုဆိုင်ရာ အသိပညာပေး အခမ်းအနားသို့ စီးပွားရေးလုပ်ငန်းရှင် ( ၅၃ ) ဦး၊ ဌာနဆိုင်ရာ(၇) ဦး၊ စုစုပေါင်း (၆၁) ဦး တက်‌ရောက်ခဲ့ပြီး အခမ်းအနားအား ( ၁၁:၀၀) နာရီ အချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)