Main menu

ဆန်အရောင်းဆိုင်များ သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   ဆန်ရောင်းဝယ်ဖောက်ကားရာတွင် ဆန်ရောင်းချသူများအနေဖြင့် ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် ဆန်များကို သိုလှောင်ထားခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မဖြစ်ပေါ် စေရေး၊  အလေးချိန်၊ အချင်အတွယ် ပြည့်ဝမှန်ကန်စွာ ရောင်းချမှုရှိစေရေးနှင့်  ဆန်စပါး သိုလှောင် ပါက စပါးတင်း(၂၅၀၀) သို့မဟုတ်ဆန်အိတ်((၅၀၀)နှင့်အထက်သိုလှောင်ထားရှိလျှင်  MyROတွင် မှတ်ပုံတင်ထားရှိစေနိုင်ရေး၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသော ဈေးနှုန်းများ အတိုင်း ရောင်းချစေရေးတို့အတွက် ညောင်ဦးခရိုင်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မိတ်ဖက် ဌာနများနှင့်ပူးပေါင်း၍ အပတ်စဉ်ကွင်းဆင်းစိစစ်မှုများဆောင်ရွက်လျက်ရှိပါသည်။

ညောင်ဦးခရိုင်၊ ညောင်ဦးမြို့အတွင်းရှိ ဆန်ဆိုင်များ၊ ဆန်ပွဲရုံများတွင် သတ်မှတ်ရည်ညွှန်း ဈေးများနှင့်အညီ ရောင်းချမှုရှိ/မရှိ အခြေအနေများအား အပတ်စဉ်သက်ဆိုင်ရာဌာနများနှင့် ကွင်းဆင်းစစ်ဆေးလျက်ရှိရာ ယခုဖေဖော်ဝါရီလ ဒုတိယပတ်တွင် ညောင်ဦးမြို့၊ မဏိစည်သူ ဈေးကြီးရှိ ဝင်းစတားဆန်ဆိုင်၊ သီတာစိုးဆန်ရောင်းဝယ်ရေးဆိုင်၊ လောကနတ်ဆန်ဆိုင်(၃) ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ရာ ဧရာမင်း ( စလင်း )တစ်အိတ်လျှင် ၁၂၅၀၀၀ /ကျပ်၊ မနောသုခ တစ်အိတ်လျှင် ၉၀၀၀၀/ ကျပ်၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၄၅၀၀၀/ကျပ်၊ ဧည့်မထတစ်အိတ် လျှင် ၇၀၀၀၀/ကျပ် ဈေးနှုန်းများဖြင့် သတ်မှတ်ရည်ညွှန်းဈေးများနှင့်အညီ ရောင်းဝယ်မှုရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။ ဆန်အရောင်းဆိုင်များအနေဖြင့် ရွှေဘိုပေါ်ဆန်းမွှေးကို ရွှေဘို၊ မန္တလေးမှ လည်းကောင်း၊ ဧရာပဒေသာဆန်များကို ဆင်ဖြူကျွန်းမြို့၊ စလင်းမြို့များမှလည်းကောင်း၊ မနော သုခဆန်များကို ပုသိမ်၊ မြောင်းမြမြို့များမှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)