
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခေတ္တခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ ဝန်ထမ်း(၃)ဦးသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှတာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၈)ရက်နေ့တွင် စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ်ကွက် ရှိ ကလေးကစားစရာအရုပ်အရောင်းဆိုင်နှင့် သင်ထောက်ကူပစ္စည်းအရောင်းဆိုင်(၂)ဆိုင်အား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုတွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များ၊ ဥပဒေ အခန်း (၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက် များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများကို ရှင်းလင်းပြောကြားခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များကို အွန်လိုင်းစနစ်ဖြင့် ရောင်းချမည်ဆိုပါက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်လက်မှတ်လျှောက်ထားရရှိပြီးမှသာ ရောင်းချခွင့်ရှိကြောင်း၊ မှတ်ပုံတင် လက်မှတ်မရှိဘဲ ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူခြင်းခံရနိုင်ကြောင်း အသိ ပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)