Main menu

TK Steel အွန်လိုင်းမှတ်ပုံတင်ထားသည့်လုပ်ငန်းသို့ မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

၁၉.၂.၂၀၂၅ ရက်နေ့ နံနက် (၁၀:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် အမှတ်(၃၄)၊ ကျောက်စိမ်း(၄)လမ်း၊ စော်ဘွားကြီး ကုန်း၊ အင်းစိန်မြို့နယ်ရှိ TK Steel အွန်လိုင်းလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံ တင်ထားရှိသည့်အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/မရှိနှင့် အခြားလိုအပ် သည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်တာဝန် များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)