Main menu

ရွှေပြည်သာမြို့နယ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချမှုနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချ သည့် လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၁၉.၂.၂၀၂၅ ရက်နေ့  နံနက်(၁၁:၂၅)အချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိတို့သည် အမှတ်(၅၄၁)၊ တော်ဝင်လမ်းသွယ်(၃)လမ်း၊ ရွှေပြည်သာမြို့နယ်ရှိ First Step ELV Engineering Online Business လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင် ဒေါ်နွေဦးအား စားသုံးသူများကို  အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်း စနစ်နဲ့ ရောင်းချ ခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး လုပ်ငန်း မှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ ယခုစက်မှုလုပ်ငန်းသုံး၊ အီလက်ထရောနစ်ပစ္စည်း လုပ်ငန်းဖြစ်သည့်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပညာပေးခဲ့ပြီး မြေပြင်စစ်ဆေးရမည့်အချက်(၁၈) ချက်နှင့်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)