
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင် ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၈.၂.၂၀၂၅)ရက်နေ့၊ နေ့လည် ၁၃:၃၀ နာရီအချိန်တွင် မြင်းခြံမြို့ရှိ အလင်းရောင် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုအား ပူးပေါင်းဆောင် ရွက်ခဲ့ပါ သည်။
ရှေးဦးစွာ မြင်းခြံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးနွဲ့ (လက်ထောက်ညွှန်ကြားရေးမှူး) က ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သတ်၍ ကလေးသူငယ်များ အသက်အရွယ်မပြည့်မီ ခိုင်းစေခံရခြင်းမှကင်းဝေးရန်၊ လူကုန်ကူး မှုမှ ရှောင်ရှားနိုင်စေရန်အကျယ်တဝင့် ဆွေးနွေးခြင်း၊ စာအုပ်စာပေဖတ်ရှု့ခြင်း၏ အကျိုးကျေးဇူး များအကြောင်းတို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံ ခရိုင်ဦးစီးမှူး ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)က ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်နှင့်ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲကြရန်၊ ဝယ်ယူရာတွင် ကုန်စည်နှင့်သက်ဆိုင်သော ကုန်အညွှန်းအမှတ်အသားများအား အလေးထားစိစစ်ကြည့်ရှု့ ဝယ်ယူ အသုံးပြုကြရန် လိုအပ်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းများ၏ အားသာချက်၊ အားနည်းချက်များ၊ လိမ်လည်နိုင်သည့် ပုံစံများအကျယ်တဝင့် ဆွေးနွေးခြင်း၊ ဒေါ်သင်းသင်းဆွေ(ဒု-ဦးစီးမှူး)က ကုန်စည်၊ ဝန်ဆောင်မှုများနှင့် ပတ်သတ်၍ စားသုံးသူများနစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်နေရာများ၊ နည်းလမ်းများအားလည်းကောင်း၊၊ ဒေါ်ဖြိုးအိမွန်(ဒု-ကြီးကြပ်ရေးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအားလည်းကောင်း ဟောပြောဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ ခရိုင်ဦးစီးမှူးက ကုန်အညွှန်းအမှတ်အသားများကို ကြည့်ရှု့ဝယ်ယူတတ်စေရန်နှင့်စွဲမြဲစွာမှတ်သားမိစေရန် ကျောင်း သား/ကျောင်းသူများနှင့် အမေးအဖြေများပြုလုပ်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်း သား/ကျောင်းသူများ၊ ကျောင်းမုန့်ဈေး ရောင်းချသူများ စုစုပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
DOCA(မန္တလေး)