Main menu

“အခြေခံစားသောက်ကုန်များကွင်းဆင်းစစ်ဆေး”

Powered by Drupal

          ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန်များရောင်းချနေသော မြို့မစျေး၊ Electric ဆိုင်များ၊စတိုးဆိုင်ကြီးများသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာန ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့်စားသုံးသူရေးရာဦးစီးဌာတို့မှ ၂၀၂၅ခုနှစ်၊ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် အဖွဲ့စုံဖြင့် ကုန်စျေးနှုန်းတည်ငြိမ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ အဓိကအနေဖြင့် ပြည်သူ များစားဝတ်နေရေးပြေလည်စေဖို့အတွက် ဝက်သား ၊ အမဲသား လိုင်စင်ရသတ်မှတ်စျေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိ ၊ စားသုံးသူရေးရာဦးစီးဌာနမှလည်း လအလိုက်ထုတ်ပြန်ထားသော ဆန်စျေးနှုန်း များအပေါ်သတ်မှတ်ရည်ညွှန်းစျေးတို့ဖြင့်ရောင်းချစေရေး၊စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားမှုမရှိစေရေး၊နေ့စဉ်သယ်ယူရောင်းချနေသည့် အခြေအနေပေါ်မူတည်၍ ကုန်စည်စီးဝင်/စီးထွက်မှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)