Main menu

“မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပ”

Powered by Drupal

              စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၁၉ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူအသိပညာပေးခြင်း များကို စားသုံးသူနယ်ပယ်အသီးသီးသို့ ဟောပြောဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျှက်ရှိ ရာတွင် တက္ကသိုလ်/ကောလိပ်များရှိ ကျောင်းသား/သူများသို့လည်း စားသုံးသူအသိပညာပေးခြင်းများ ကိုအခါအားလျော်စွာ ဆောင်ရွက်လျက်ရှိပါသည်။

              စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၁၉.၂.၂၀၂၅)ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင်၆၂လမ်း၊၂၂×၂၃လမ်း ကြား၊ အောင်မြေသာစံမြို့နယ်ရှိ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ သီရိရတနာခန်းမ၌ စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် စားသုံးသူရေးရာ ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးရဲလင်းထက်က အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ လ/ထညွှန်ကြားရေးမှူး ဒေါ်ဖြူသဲနွယ်က စားသုံးသူအခွင့်အရေးများအကြောင်း တိုင်ကြားမှုဖြစ်စဉ်နှင့်ပတ်သက်သည့် အကြောင်းအရာများ ဆက်သွယ်တိုင်ကြားရန် နည်းလမ်းများအကြောင်းရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။

              ထိုနောက် ဟောပြောပွဲအခမ်းအနား၌ (၇၈) ကြိမ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားကဗျာ၊ ပန်းချီနှင့် ဆောင်းပါးပြိုင်ပွဲတွင် ပထမ ၊ ဒုတိယ နှင့် တတိယဆု အသီးသီး ရရှိခဲ့ကြသည့် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ ကျောင်းသား/သူများအား  ပါမောက္ခချုပ် ဒေါက်တာတင့်တင့်၊ ဒုတိယပါမောက္ခချုပ်ဒေါက်တာ အေးသက်သက်ဝင်း နှင့်ပါမောက္ခဌာနမှူးများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပါသည်။ ဟောပြောပွဲတက်ရောက်လာသူများ စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ သိရှိလိုသည်များအား မေးမြန်းခဲ့ရာ ဒုတိယတိုင်းဒေသကြီးဦးစီး မှူးဦးရဲလင်းထက်မှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှလည်း တက်ရောက်၍ သတင်း မှတ်တမ်းရိုက်ကူးခဲ့ကြပါသည်။ ဟောပြောဆွေးနွေးပြီးနောက် တက္ကသိုလ်ဝန်းအတွင်း ဖွင့်လှစ်ထား သည့် စားသောက်ဆို်ငများအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အသိပညာပေး ဟောပြောဆွေးနွေးပွဲသို့ မန္တလေးနိုင်ငံခြားဘာသာတက္တသိုလ်ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူ (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(မန္တလေး)