
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၉)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် နမ့်စန်မြို့ပေါ်ရှိ စားသုံးသူပြည်သူ များအား အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုဟောပြောပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုများအကြောင်း၊ မည်သူမဆို အွန်လိုင်းဖြင့်ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ်လျှောက်ထားရရှိပြီးမှသာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မှတ်ပုံတင်လက်မှတ် ရရှိသူ၏အခွင့်အရေးနှင့်တာဝန်များ၊ အွန်လိုင်းမှတစ်ဆင့်ဝယ်ယူရာတွင် လိမ်လည်မှုမခံရအောင် သိရှိရမည့်အချက်များကို ရှင်းလင်းဆွေးနွေး အသိပညာပေးဟောပြောခဲ့ပါသည်။
DOCA(ရှမ်း)