Main menu

မြန်မာ့ရိုးရာလက်ဖက်

Powered by Drupal
Fri, 02/21/2025 - 13:19 -- consumer_admin

နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များသည် နိုင်ငံတကာခရီးသွားများ အထူးစိတ်ဝင်စားလေ့ရှိသည်။ ပုဂံဒေသနှင့် တောင်ပေါ်ဒေသများတွင် နိုင်ငံခြားခရီးသွားများသည် ရေနွေးကြမ်းနှင့် လက်ဖက်သုပ်များကို သောက်သုံးလေ့ရှိကြသည်။

လက်ဖက်ခြောက်သည် အာရှတွင် ရေပန်းစားလာပြီး မြန်မာနိုင်ငံ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ အာဆီယံနိုင်ငံအချို့နှင့် ဥရောပနိုင်ငံများတွင် လည်း လက်ဖက်ခြောက်ကိုသောက်သုံးကြသည်။

ဆေးဖက်ဝင် လက်ဖက်ခြောက်ကို ဥရောပနှင့် အာရှတွင် ဆေးဖက်ဆိုင်ရာ ရည်ရွယ်ချက်ဖြင့် သောက်သုံးသော်လည်း မြန်မာနိုင်ငံသည် ကုန်းဘောင်ခေတ်ကတည်းက သောက်သုံးရန်၊ စားသုံးရန်၊ ဆေးဖက်ဆိုင်ရာ ရည်ရွယ်ချက်များဖြင့် သုံးစွဲလာခဲ့သည်။ လက်ဖက်ကို အသုပ်ပုံစံဖြင့်လည်း မြန်မာလူမျိုးများက စားသုံးကြသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်သည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို မြန်မာနိုင်ငံတွင် ပထမဆုံးသော (ဒြပ်မဲ့)မမြင်နိုင်သော ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ယူနက်စကိုမှ အသိအမှတ်ပြုခဲ့သည်။ “မြန်မာ့လက်ဖက်ကိုလည်း ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံရရင် လက်ဖက်တန်ဖိုး တိုးလာမှာဖြစ်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်စရာ ကိစ္စတစ်ခုပါပဲ။”

လက်ဖက်ကို မြန်မာနိုင်ငံ တောင်ပေါ်ဒေသတွေမှာ အဓိက စိုက်ပျိုးကြပါတယ်။ လက်ဖက်၏ အသွင်အပြင်၊ အရောင်အသွေး၊ အနံ့၊ အရသာများက ရာသီဥတုနှင့် ပတ်ဝန်းကျင်ပေါ်မူတည်၍ ကွဲပြားတတ်ပါသည်။ ကုန်းဘောင်ခေတ်ကတည်းက လက်ဖက်သည် မြန်မာ့ရိုးရာ အစားအစာဖြစ်သည်။ လက်ရှိတွင် ဧည့်သည်များကို လက်ဖက်သုပ်နှင့် ရေနွေးကြမ်း ကျွေးသည့် ရိုးရာယဉ်ကျေးမှုဓလေ့သည် မြန်မာနိုင်ငံ မြို့ပြနှင့် ကျေးလက်ဒေသများတွင် ထွန်းကားလျက်ရှိသည်။

လက်ဖက်ရည်သည် သွေးတွင်း ကိုလက်စထရောပမာဏကို လျှော့ချပေးကာ သွေးတိုးရောဂါကို လျှော့ချပေးပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါသည်။ ၎င်း၏ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် ပင်ပန်းနွမ်းနယ်မှုကို သက်သာစေရန် အချို့သော အူလမ်းကြောင်းဆိုင်ရာ ရောဂါများကိုလည်း ကာကွယ်ပေးနိုင်ကြောင်းသိရပါသည်။

လက်ဖက်ရွက်ကို မြေပဲ၊ နှမ်း၊ ကြက်သွန်မြိတ်ကြော်၊ ပုဇွန်ခြောက်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်တို့နဲ့ ရောစပ်သုပ်စားကြသည့်အပြင် ခရမ်းချဉ်သီး၊ ပါးပါးလှီးထားသော ဂေါ်ဖီထုပ်၊ သင်္ဘောသီးရွက်နုနှင့် ပြောင်းဖူးပြုတ်စသည့် အမျိုးမျိုးသော အမယ်များဖြင့်လည်း သုပ်စားကြပါသည်။

နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များသည် နိုင်ငံတကာခရီးသွားများ အထူးစိတ်ဝင်စားလေ့ရှိပါသည်။ ပုဂံဒေသနှင့် တောင်ပေါ်ဒေသများတွင် နိုင်ငံခြားခရီးသွားများသည် ရေနွေးကြမ်းနှင့် လက်ဖက်သုပ်များကို နှစ်ချိုက်စွာ သောက်သုံးလေ့ရှိကြသည်။ မြန်မာ့ရိုးရာလက်ဖက်ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် မြှင့်တင်နိုင်ခဲ့လျှင် ထုတ်လုပ်မှုတိုးမြှင့်ရန်နှင့် စျေးကွက်ချဲ့ထွင်ရန် အခွင့်အလမ်းများ ရှိလာမည်ဟု ထင်မြင်ယူဆမိပါသည်။

DOCA(ရှမ်း)