Main menu

စားအုန်းဆီအရောင်းလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၇) ရက်နေ့၊ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် ကယားပြည်နယ်ဦးစီးမှူးရုံး၌ စားအုန်းဆီအရောင်းဆိုင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှု ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တပြည်နယ်ဦးစီးမှူး က ဈေးကွက်အတွင်းစားအုန်းဆီများကို တစ်ဆင့်ခံဝယ်ယူ၍ တရားမဝင်ပြန်လည်ရောင်းချနေ သူများကို အရေးယူမှုများပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းရှင်များမှလည်း အဆိုပါ လုပ်ငန်းတွင် ပါဝင်ပတ်သက်ခြင်းမပြုလုပ်ကြရန်၊ ပြင်ပမှပြုလုပ်နေသူများရှိပါကလည်း သတင်း ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်းနှင့် မိမိတို့ပြည်နယ်အတွင်းစားအုန်းဆီရောင်းလိုအား၊ ဝယ်လို အား အခြေအနေများကိုလည်းကောင်း၊ အကြမ်းဖက်အဖွဲ့အစည်းများထံရောက်ရှိမှုမရှိစေရေး သတိပြုရောင်းဝယ်မှုပြုလုပ်ရမည့်အခြေအနေများကိုလည်းကောင်း၊ တိုက်ပွဲရှောင်ပြည်သူများ ပြန်လည်ဝင်ရောက်လာနေပြီဖြစ်သည့်အတွက် စားအုန်းဆီအရောင်းဆိုင်များ ရပ်ကွက်အလိုက် တိုးချဲ့ဖွင့်လှစ်ရန် လိုအပ်သည့်အခြေအနေများကိုလည်းကောင်း၊ ဖေဖော်ဝါရီလအတွင်း စားအုန်းဆီ ရောက်ရှိဖြန့်ခွဲရောင်းချမှုအခြေအနေအားလည်းကောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံ ဆွေးနွေးပွဲအား နေ့လည်(၁၅:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကယား)