
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက် နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ်(ခ)ရပ်ကွက်ရှိ ကိတ်မုန့်၊ ပေါင်မုန့် စသည့် မုန့်မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် AAမုန့်ဖိုသို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ၏ (၂/၂၀၁၉)ပါကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များ နှင့် ကိုက်ညီမှုရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် AAမုန့်ဖို၌ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် မုန့်များ တွင် ဖော်ပြထားသော ကုန်အညွှန်းများသည် ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ပြည့် စုံ မှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ထုတ်လုပ်သည့်လုပ်ငန်းရှင်အား အသင့်စားမုန့်များဖြစ်သည့် ကိတ်မုန့်၊ ပေါင်မုန့် စသည့်မုန့်များ ထုတ်လုပ်ရောင်းချရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော် မရှင်၏(၂/၂၀၂၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များအား ထည့်သွင်းဖော်ပြရန် အသိ ပညာ ပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
DOCA(ကယား)