Main menu

COVID-19 ချေးငွေနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

Powered by Drupal

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ ၁၄း၀၀ နာရီအချိန် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ   ညွှန်ကြားမှုဦးစီးဌာနတွင် ကိုဗစ်-၁၉ကြောင့်ဖြစ်ပေါ်လာနိုင်သည့်စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်နှင့် စပ်လျဥ်း၍ ကုစားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းအဖွဲ့ခေါင်းဆောင်နှင့် တိုင်း/ပြည်နယ် စိစစ်ကြပ်မတ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးသည့်အစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမူအေး မှ တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် အဖွဲ့ခေါင်းဆောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ တိုင်းနှင့်ပြည်နယ်ဦးစီး မှူးများမှဆွေးနွေးခြင်း၊ တက်ရောက်လာသူ များမှအထွေထွေဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပြီး ညနေ ၀၄း၀၀နာရီအချိန်တွင် အခမ်းအနားပြီးဆုံးခဲ့ပါသည်။

DOCA(တနင်္သာရီ)