Main menu

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး အစည်းအဝေးတက်ရောက်ခြင်း

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးသည် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး၌ (၁၉.၂.၂၀၂၅)ရက်နေ့ နံနက် (၉:၃၀) အချိန်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။

ထိုအစည်းအဝေးပွဲတွင် တောင်သူလယ်သမားနေ့တွင် ပြခန်းဆောင်ရွက်ရန်အတွက် စားသုံးသူ ရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပြခန်းပြသမည့်ပစ္စည်းများ အားကြိုတင်စုဆောင်းထားရန်၊ “အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းကြောင်း စုပေါင်းအမှိုက်သိမ်း” ဆိုတဲ့ဆောင်ပုဒ်နှင့်အညီ မိမိရုံးဌာန အဆောက်အဦးသန့်ရှင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း၊ လိုအပ်သည်များကိုလည်း အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)