Main menu

ကန်ကြီးထောင့်မြို့နယ်ရှိ (အ.ထ.က) ရွေးကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန်ကြီးထောင့်မြို့နယ် မြို့နယ်တာဝန်ခံ ဦးမြင့်နိုင်ထွန်းနှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်ရှိ (အ.ထ.က) ရွေးကျောင်း၌ ဆရာ၊ဆရာမနှင့် ကျောင်းသား၊ကျောင်းသူ (၁၉၈)ဦးအား (၁၉.၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် စားသုံးသူ အသိ ပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံဦးမြင့်နိုင်ထွန်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေး(၈)ချက်အကြောင်း၊စားသုံးသူများလိုက်နာရမည့်တာဝန်များအကြောင်း၊အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက စားသုံးသူသတင်းပြန်ကြားရေး နှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာသို့ တိုင်ကြားနိုင်ကြောင်းနှင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရေးများကို ဆောင်ရွက်ပေးနေကြောင်း အကျယ်တဝင့် ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ ပါသည်။

ဟောပြောပွဲအပြီးတွင် မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များနှင့် အတူ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန် မုန့်ဈေးတန်းရှိ ရောင်းချသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)