
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သာပေါင်းမြို့နယ် မြို့နယ်တာဝန်ခံ ဦးထွန်းမင်းလတ်သည် သာပေါင်းမြို့နယ် မြို့နယ်တာဝန်ခံရုံးတွင် ဆီလုပ်ငန်းရှင်(၇)ဦးအား (၁၉.၂.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီတွင် စားသုံးသူအသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံဦးထွန်းမင်းလတ်က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွား ရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက် ပေးခြင်းအကြောင်း၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအကြောင်း၊ အစား အသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ အရေးကြီးဝန်ဆောင်မှုဖြစ်သည့် Online Sale ရောင်းချခြင်းနှင့်ပတ်သက်၍ အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းများအကြောင်းကို ဟောပြော ဆွေးနွေးခဲ့ပါသည်။
DOCA(ဧရာဝတီ)