Main menu

ဗိုလ်တထောင်မြို့နယ် ၄၁ လမ်းအတွင်းရှိ ဆန်လက်လီ/လက်ကားရောင်းချမှုများ အဖွဲ့စုံဖြင့် ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြ

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး (ဌာနခွဲစာရေး) နှင့်ဝန်ထမ်းများသည် (၁၇.၂.၂၀၂၅) ရက်နေ့ ၊ တွင်  ဗိုလ်တထောင်မြို့နယ် ၄၁ လမ်းအတွင်းရှိ ဆန်လက်လီ/လက်ကားအရောင်းဆိုင် (၃) ဆိုင်သို့ မြို့နယ်ထွေ/အုပ်၊ မြို့နယ်စည်ပင်၊ အထူးစုံ စမ်းစစ်ဆေးရေးဦးစီးဌာန တို့နှင့်ပူးပေါင်း၍ ဆန်ရောင်းချမှု/ ကွင်းဆင်းအသိပညာပေးမှုများ ဆောင် ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

 ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်များသည်   ရွှေဘိုပေါ်ဆန်း (သစ်/ဟောင်း)၊ ဧရာ ပေါ်ဆန်း၊ ဖျာပုံပေါ်ဆန်း၊ တောင်ပျံ၊ မြောင်းမြ၊ ဧည့်မထဆန်အမျိုးမျိုး စသည့်ဆန်များကို   ဖေဖော်ဝါရီလအတွက် ထုတ်ပြန်ထားသော သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ နှင့် ဆန်ဈေးနှုန်းကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ် ထားသော ဈေးနှုန်းများအတိုင်း ရောင်းချသွားရန်၊ လိုက်နာမှုမရှိပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်းကို   အသိပညာပေးပြောကြားခြင်းများ  ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)