Main menu

ပခုက္ကူမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

 မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့သည် (၂၁-၂-၂၀၂၄)ရက်နေ့၊ နံနက်(၁၂:၃၀)အချိန်တွင်  ပခုက္ကူမြို့ပေါ်ရှိ စက်သုံးဆီရောင်းချနေသော ဆီဆိုင်(၂)ဆိုင် အား သတ်မှတ်ထားသောအခြေခံရည်ညွှန်းဈေးဖြင့် အမှန်တကယ်ရောင်းချမှုရှိ/မရှိနှင့်  အချင်အတွယ် မှန်ကန်မှုရှိ/မရှိ  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           စက်သုံးဆီရောင်းချလျက်ရှိသော “ရွှေဗျိုင်းဖြူနှင့် TAL”ဆီဆိုင်များသို့   သတ်မှတ်ထားသော အခြေခံရည်ညွှန်းဈေးဖြင့်ရောင်းချကြရန်၊ ဈေးနှုန်းများကိုလည်းအများပြည်သူ သိရှိအောင် LED Board များတွင် ဖော်ပြပေးကြရန်၊ နေ့စဉ်ရောင်းချနေသောဈေးနှုန်းများကိုလည်း ဖော်ပြပေးကြရန်၊ အချင် အတွယ်မှန်ကန်မှုရှိစေရန်၊  စက်သုံးဆီများအား  ပုံး၊ ပေပါအလိုက်ရောင်းချခြင်းမပြုရန်နှင့် စက်သုံး ဆီပြတ်လပ်မှုမရှိစေရေးတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)