Main menu

ပခုက္ကူမြို့ပေါ်တွင် MyRO တွင် မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်မှု အခြေအနေ

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပခုက္ကူမြို့ ပေါ်တွင် ဆန် (၅၀၀)အိတ်နှင့် စပါးတင်း(၂၅၀၀)အထက် သိုလှောင်ရောင်းချသည့် ဆန်သိုလှောင်ရုံ၊ ဆန်ပွဲရုံများ ကို MyRO တွင် မှတ်ပုံတင်ဆောင်ရွက်နိုင်ရေးနှင့် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးလျက်ရှိပါသည်။

          ဆန်ကုန်သည်များအနေဖြင့် MyRO တွင် မိမိတို့ကိုယ်တိုင် မှတ်ပုံတင်သည်ရှိသလို ပခုက္ကူခရိုင်ရုံး တွင်လည်း အများဆုံးလာရောက် မှတ်ပုံတင်လျက်ရှိပါသည်။ (၂၁.၂.၂၀၂၅)ရက်နေ့အထိ ပခုက္ကူမြို့ ပေါ်တွင် မှတ်ပုံတင်ပြီးသော ဆန်သိုလှောင်ရုံ/ဆန်ဆိုင်များမှာ အကြီးစား(၁၅)လုံး၊ အလတ်စား(၁၅)လုံး၊ အသေးစား(၁၀)လုံး စုစုပေါင်းအရေအတွက်(၄၀)လုံး မှတ်ပုံတင်ဆောင်ရွက်ပြီးစီးလျက်ရှိပါသည်။ ဆက်လက်၍ ကျန်ရှိသည့် သိုလှောင်ရုံ/ဆန်ဆိုင်များအား မှတ်ပုံတင်ရန် ပြောကြားပြီးဖြစ်၍ MyRO တွင် မှတ်ပုံတင်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

DOCA(မကွေး)