Main menu

K.Home Bakery အမှတ်တံဆိပ် ကိတ်မုန့်/ ပေါင်မုန့်လုပ်ငန်းအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ စက်မှုကြီးကြပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မိုင်းလပ်အုပ်စု၊ ဝမ်မိုင်ကျေးရွာရှိ “K.Home Bakery ” အမှတ်တံဆိပ် ကိတ်မုန့်/ပေါင်မုန့်  ထုတ်လုပ်သည့်ဆိုင်အား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိရေးတို့နှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကိတ်မုန့်/ပေါင်မုန့် ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်း ရှင်နှင့်လည်း တွေ့ဆုံဆွေးနွေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် “K.Home Bakery” အမှတ် တံဆိပ် ကိတ်မုန့်/ပေါင်မုန့်ထုတ်လုပ်သည့်လုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက် များနှင့် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

          ဆက်လက်၍ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေး ဆွေးနွေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)