Main menu

အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းအားမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၉)ရက်နေ့၊ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ အွန်လိုင်းမှတ်ပုံတင်လျှောက်ထားသည့် ဘုရားဖြူနယ်မြေ(၂)၊ ရေထွက်ဦးလမ်းရှိ  HM Skincare Taunggyi  အလှကုန်ပစ္စည်းနှင့် ၁၃၀/၂၊ဇောတိကလမ်း၊ သစ်တော ရပ်ကွက်ရှိ Say Ta Nar Pyae မှိုဆီကြော်လုပ်ငန်းတွင် ရောင်းချလျက်ရှိသည့်  စားသောက်ကုန် လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထား ရှိသည့်အချက်အလက်များ မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/မရှိနှင့် အခြားလိုအပ်သည့် အချက် အလက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိနှင့် စားသုံးသူကာကွယ် ရေးဥပဒေပါစားသုံးသူအခွင့်အရေး နှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆေင်ရွက်ရမည့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများနှင့် ပတ်သက်၍လည်း ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။

DOCA(ရှမ်း)