
၂၁.၂.၂၀၂၅ ရက်နေ့ နေ့လည်(၂:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဒုဦးစီးမှူးပါ (၃)ဦးတို့သည် အမှတ်(၂၀၀)၊ ဖန်ချက်ဝန်ဦးရွှေအိုးလမ်း၊ ရွှေလင်ပန်းစက်မှုဇုန်၊ လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း)ရှိ Top Cashew Nut သီဟိုဠ်စေ့စက်ရုံသို့ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ ပါသည်။
ထိုသို့ဆွေးနွေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဦးလင်းလင်းဦး၊ အကြီး တန်းစာရေး၊ သီဟိုဠ်စေ့စက်ရုံမှ မန်နေဂျာ ဒေါ်ခင်စန္ဒာတို့ပါ (၅)ဦးတို့ တက်ရောက်ခဲ့ပြီး စားသုံးသူရေး ရာဦးစီးဌာနမှ ဒေါ်နီလာဦး၊ ဒုဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင် ဖော်ပြ ထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်များ ပုဒ်မ (၆၇)အရ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း (သို့မဟုတ်)ရောင်းချခြင်းမပြုလုပ်ရသည့် အချက်များ၊ ပုဒ်မ (၆၈)တွင် ပုဒ်မ (၄၃)ပါ ပြဌာန်းချက် များနှင့် ကိုက်ညီမှုမရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုရန်နှင့် ပုဒ်မ (၇၃)အရ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထောင်ဒဏ်၊ ငွေဒဏ်များ ချမှတ်နိုင်ကြောင်း ဆွေးနွေးဟောပြောခဲ့ပြီး ဆွေးနွေးပွဲသို့ (၈)ဦး တက်ရောက်ခဲ့ပြီး (၂:၂၀)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရပါသည်။
DOCA(ရန်ကုန်)