Main menu

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

Powered by Drupal

ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဦးဇော်မင်းလတ် ခရိုင်ဦးစီးမှူး ဦးဆောင်သောပူးပေါင်းအဖွဲ့သည်  ၁၈.၂.၂၀၂၅ ရက်နေ့ မှ ၂၄.၂.၂၀၂၅ ရက်နေ့ အထိ ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော သိန်းဦးဆိပ်ကမ်း၊ ဝါးတန်း ဆိပ်ကမ်း၊ ချောင်းဝဆိပ်ကမ်း၊ ထူးဆိပ်ကမ်း၊ နိုင်ဂရုဆိပ်ကမ်း၊ ဘုရင့်နောင်ဆိပ်ကမ်းများအား အကောက်ခွန် ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရေယာဉ် များတွင် တင်ဆောင်ထားသောတင်ဆောင်ကုန်များအား ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပြီး လက်နက် ခဲယမ်းများ တင်ဆောင်မှုမရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)