
စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူး ဒေါ်မြသီတာ (ဦးစီးအရာရှိ)သည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ (၅:၀၀) အချိန်တွင် ကော့သောင်းမြို့နယ် ခရိုင်ဆီကုန် သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း အစည်းအဝေးခန်းမ၌ ကော့သောင်းမြို့နယ် စားသုံးဆီ လက် လီ အရောင်းဆိုင်များနှင့် တွေ့ဆုံခဲ့ ကြောင်းသိရှိရပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးရာတွင်စားသုံးသူရေးရာဦးစီးဌာန၊ကော့သောင်းခရိုင်ဦးစီးမှူးမှ ကော့သောင်း မြို့နယ်ရှိ လက်လီ စားသုံးဆီအရောင်းဆိုင်များမှ စားသုံးသူပြည်သူများ စားအုန်းဆီ များကို စျေးနှုန်းသက်သာစွာဝယ်ယူရရှိနိုင်ရေးအတွက် စျေးနှုန်းများသတ်မှတ် ရည်ညွှန်းစျေး ထက်ပိုမို မရောင်းချစေရေး၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်စေရေး၊ အလေးချိန်ပြည့် မီစွာရောင်းချစေရေး၊ ရရှိသည့်ဆီခွဲတမ်းများကို တိတိကျကျ မှန်မှန်ကန်ကန်ရောင်းချစေရေး၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ မသမာသောနည်းလမ်းများဖြင့် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်း ချခြင်းအား ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးရာတွင် တွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
DOCA(တနင်္သာရီ)