
မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ဗဟိုစာရင်း အင်းအဖွဲ့ စသောသက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အသင့်စားမုန့်အမျိုးမျိုး၌ ကုန် အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိစေရေးအတွက် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၂၁) ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ စည်ပင်သာယာစျေးကြီးအတွင်းရှိ စားသောက်ကုန်မျိုးစုံ ရောင်းချနေသောအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိစေ ရေးအတွက် စစ်ဆေးခြင်း၊ မဖြစ်မနေဖော်ပြပါရှိရမည့်အချက်များအား အသိပညာပေးခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးဦးစားပေးဆောင်ရွက်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက် နာဆောင်ရွက်အချက်များအား ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)