Main menu

မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် အခြေခံစားကုန်များအား သက်သာစျေးနှုန်းဖြင့်ရောင်းချ

Powered by Drupal

မြိတ်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သက်သာစျေးနှုန်းဖြင့် အခြေ ခံစားသောက်ကုန်များရောင်းချမှုကို အပတ်စဉ်ပြုလုပ်လျက်ရှိပြီး ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်နေ့တွင် မြိတ်မြို့ရှိ အငြိမ်းစားဝန်ထမ်းပင်စင်စားများအား သက်သာစျေးနှုန်းဖြင့် ဝယ် ယူနိုင်ရေးအတွက် မြိတ်မြို့၊ ကန်ဖျားရပ်ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ရောင်းချခဲ့ကြောင်း သတင်းရရှိပါသည်။ အခြေခံစားသောက်ကုန်များရောင်းချရာတွင် စားအုန်းဆီများအပါအဝင် ဆန်၊ ကြက်သွန်၊ ငရုတ်သီး၊ ဆား၊ ကြက်ဥ၊ မန်ကျည်းသီး စသော မီးဖိုချောင်သုံးပစ္စည်းများ ပါဝင်ကြောင်း သတင်း ရရှိပါသည်။

DOCA(တနင်္သာရီ)