
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ် ဖြစ်သည့် “စားသုံးသူအခွင့်အရေးဦးစားပေး” ဆိုသည့်အတိုင်း စားသုံးသူပြည်သူများသည် စားသုံးသူအခွင့် အရေးနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် ကျောင်း၊ ဈေး၊ ရပ်ကွက်၊ ကျေးရွာ များ၊ ဌာနဆိုင်ရာရုံးများ၊ တက္ကသိုလ်/ကောလိပ်များ၊ တပ်ရင်းတပ်ဖွဲ့များကို စားသုံးသူ ကာကွယ်ပေးရေး အသိ ပညာပေးဟောပြောပွဲများဆောင်ရွက်ခြင်း၊ ဈေးကွက်အတွင်း စားသုံးသူ များအနေဖြင့် ကုန်စည် နှင့်ဝန် ဆောင်မှုများကို အသုံးပြုရာတွင် ဘေးအန္တရာယ် ကင်းရှင်း စေရန်နှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်မရောက်မီနှင့် ဈေးကွက် ရောက်ပြီးသော ကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များ ဆောင်ရွက်လျက်ရှိရာ စားသုံးသူ များ၏အခွင့်အရေး (၈)ချက်အနက် ကုန်စည် (သို့မဟုတ်) ဝန်ဆောင် မှုများနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာ နိုင်ရန်၊ နစ်နာဆုံးရှုံးမှုများကို ရှင်းလင်းတင်ပြနိုင်ရန်၊ တိုင်ကြားနိုင်ခြင်းကို သိရှိစေရန် ရည်ရွယ်၍ ရွှေဘိုမြို့ နယ်အတွင်းရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေး ဉပဒေ ၂၀၁၉ပါ အကြောင်းများကို သိရှိလေ့လာ နိုင်စေရန် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးဆောင်၍ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ (၂) ကြိမ် ဆောင်ရွက်ခဲ့ပါ သည်။
(၁၄.၂.၂၀၂၅)ရက်နေ့တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)၊ ဂေါက်ကွင်းလမ်းရှိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦး စီးဌာန၊ ဝန်ထမ်းအိမ်ရာတွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းရှိ သင်တန်း သား/သင်တန်းသူများနှင့် (၁၉.၂.၂၀၂၅)ရက်နေ့တွင် ရွှေဘိုမြို့၊ စည်ပင်သာယာရုံးခန်းမတွင် ဈေးသူ/ ဈေး သားများအား စားသုံးသူကာကွယ်ရေးဉပဒေ၊ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရ မည့်တာဝန်များ၊ အခန်း (၁၈)ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းနှင့် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ် လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြား ချက်အမှတ် (၂/၂၀၁၉) ပါအ ကြောင်းများ၊ စားသုံးသူအခွင့် အရေးနှင့် အကျိုး စီးပွားနစ်နာ ဆုံးရှုံးမှု များရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့် သက်ဆိုင်သော အကြောင်း များကို မေးမြန်းစုံစမ်းနိုင်သည့်Concumer Call Center NO 1535 အကြောင်း၊ တိုင်ကြားစာများကို စိစစ်ညှိနှိုင်းဖြေရှင်းပေးသည့် အကြောင်းများကို အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့ပြီး လက်ကမ်းစာ စောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)