Main menu

ရွှေဘိုခရိုင်၏ (၂/၂၀၂၅)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဈေးကွက်မရောက်မီကုန်စည်နှင့် ဈေးကွက်ရောက်ပြီးကုန်စည်များ တွင်ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို လစဉ်စီမံချက်များ ပြည့်မီကျော်လွန်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဈေးကွက် စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ သော်လည်းကောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

ရွှေဘိုခရိုင်အနေဖြင့် (၂/၂၀၂၅)လအတွင်း ဒု-ခရိုင်ဦးစီးမှူးမှဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ အောင်ရတနာ(၂)နှင့် မြင့် (ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်)များအားလည်းကောင်း၊ အမှတ်(၁၀)ရပ်ကွက်ရှိ ပစ်တိုင်းထောင် (မုန့်နှင့် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်)အားလည်းကောင်း၊ အမှတ်(၄)ရပ်ကွက်ရှိ ကောင်းကောင်း (မုန့်မျိုးစုံ ရောင်းဝယ်ရေးဆိုင်)အားလည်းကောင်း၊ မိတ်ဘက်ဌာနများဖြစ်သည့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပူးပေါင်း၍ ရွှေဘိုမြို့ စည်ပင်သာယာဈေးအတွင်းရှိ အရောင်းတင်(ခင်မောင်အေး)ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်နှင့် ကံ့ကော်ဝါ (ဂျင်း၊ လ္ဘက်နှင့်အကြော်စုံ)ရောင်းဝယ်ရေးဆိုင်အားလည်းကောင်း၊ အမှတ်(၈)ရပ်ကွက်ရှိ ရှယ်ကစ် အသားခြောက်မျိုးစုံထုတ်လုပ်သည့် စက်ရုံ/အလုပ်ရုံသို့လည်းကောင်း ဈေးကွက်စောင့်ကြည့် စစ်ဆေး ခြင်းများဆောင်ရွက်ခဲ့ကြပြီး ဌာန၏ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါ အကြောင်းများကို အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)