Main menu

ပုသိမ်ခရိုင်အတွင်းရှိ ဆန်ဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ် များတွင် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားကာကွယ်ရေး ဆောင်ရွက်ရန်၊ ထုတ်ကုန် လုံခြုံ စိတ်ချရမှုရှိစေရေး ဆောင်ရွက်ရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အရည်အသွေးစီမံခန့်ခွဲမှုနှင့် သုတေသနလုပ်ငန်းများဆောင်ရွက် ရန် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ လုပ်ငန်းရှင် တွေ့ဆုံခြင်း၊ စားသုံးသူအသိပညာပေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ပုသိမ်မြို့နယ် တာဝန်ခံသည် (၂၄.၂.၂၀၂၅)ရက်နေ့တွင် ပုသိမ်မြို့အတွင်းရှိ ဆန်ဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ပုသိမ်မြို့နယ်တာဝန်ခံသည် ပုသိမ်မြို့အတွင်းရှိ ဆန်ဆိုင်များတွင် ရောင်းချနေသော ဆန်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိအား စစ်ဆေးခဲ့ပြီး သတ်မှတ်ရည်ညွှန်းဈေးဖြင့် ကျော်လွန်၍ ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)