
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ် တာဝန်ခံသည် (၂၂.၂.၂၀၂၅) ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန်တွင် ကျိုက်ထိုမြို့နယ်၊ အောင်ဆန်း(၂)ရပ်ကွက်ရှိ Kaung Lyan New Asia CoL,d ကုမ္ပဏီသို့ ယာဉ်အမှတ် 3B-4329 မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၂၇) ပေပါ၊ 4G-2351 မော်တော်ယာဉ်ဖြင့် (၄) ပေပါ၊ 2B-6298 မော်တော်ယာဉ်ဖြင့် (၁၅) ပေပါ စုစုပေါင်း (၄၆) ပေပါ တင်ဆောင်လာကြောင်း သိရှိရပါသည်။
အဆိုပါ စားအုန်းဆီများကို စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် စားအုန်းဆီကြီးကြပ်ရေးအဖွဲ့တို့မှ သွားရောက်စစ်ဆေးခဲ့ပြီး သတ်မှတ်ရည် ညွှန်းဈေးအပေါ် သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် စားသုံးသူပြည်သူများ ထံသို့ ပြန်လည်ဖြန့်ဖြူးရောင်းချပေးရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ အလေးချိန် မှန်ကန်ပြည့်ဝစွာ ရောင်းချရန် ဆီကိုယ်စားလှယ်အား ပြောကြားခဲ့ကြောင်း သိရသည်။
DOCA(မွန်)