Main menu

“ သုံးခွမြို့နယ် ဓာတ်မြေဩဇာအရောင်းဆိုင်များတွင် ဓာတ်မြေဩဇာရောင်းချနေမှု အခြေအနေကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

သုံးခွမြို့နယ်၊ ဖေဖော်ဝါရီ  (၂၄) ရက်

          ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်း ရပ်ကွက်များရှိ ဓာတ်မြေ ဩဇာရောင်းချသည့် ဆိုင်များသို့ မြို့နယ်အဆင့် ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချရေးကော်မတီ အဖွဲ့မှ ဖေဖော်ဝါရီလ (၂၁)ရက်နေ့၊ နေ့လည်(၁၁:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အဆင့် ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချရေး ကော်မတီအဖွဲ့ဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယအုပ်ချုပ်ရေးမှူး အပါအဝင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးရေးတိုး တက်ရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဦးအင်းရွှေနှင့်ညီမ ဒေါ်အေးကြည် ဓာတ်မြေဩဇာဆိုင်၊ ရောင်ခြည်ဦးဓာတ်မြေဩဇာဆိုင်နှင့် ပါရမီ ဓာတ်မြေဩဇာဆိုင်များသို့ ဓာတ်မြေဩဇာ ဝယ်ယူရရှိမှုအခြေအနေ၊ ရောင်းချဖြန့်ဖြူးမှုအခြေအနေနှင့် ဈေးနှုန်းအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ဓာတ်မြေဩဇာများအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)