Main menu

“ ကော့မှူးမြို့နယ်၌ နွေစပါးလျာထားဧကရာနှုန်းပြည့်စိုက်ပျိုးနိုင်ခဲ့ပြီးစိုက်ပျိုးပြီးသီးနှံများ ဖြစ်ထွန်းအောင်မြင်လျက်ရှိ”

Powered by Drupal

ကော့မှူးမြို့နယ်၊ ဖေဖော်ဝါရီ  (၂၅) ရက်

            ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ယခုနှစ်နွေစပါး (၁၇၃၈၁) ဧကစိုက်ပျိုးရန် လျာထားခဲ့ပြီး လျာထားဧက ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးခဲ့ပြီး စိုက်ပျိုးပြီးနွေစပါးများ ဖြစ်ထွန်းအောင်မြင်လျက် ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

            ကော့မှူးမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် နွေစပါးလျာထားဧက (၁၇၃၈၁)ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ စတင်စိုက်ပျိုးခဲ့ရာတွင် ယခုအချိန်တွင် ရာနှုန်း ပြည့်စိုက်ပျိုးနိုင်ခဲ့ပြီး နွေစပါးစိုက်ပျိုးချိန်တွင် အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးရေးနည်းစနစ် မှန်ကန်စေရေး၊ ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ အပင်ဖျက်နှင့် သီးနှံဖျက်ပိုးမွှား အန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ပိုးသတ်ဆေးစနစ်တကျ အသုံးပြုနိုင်ရေး၊ စိုက်ပျိုးရေး သွင်းအားစုများ စနစ်တကျထည့်သွင်းနိုင်ရေးစတဲ့ စိုက်ပျိုးရေးဆိုင်ရာ တောင်သူအသိပညာပေး လုပ်ငန်းများ အား သက်ဆိုင်ရာမြို့နယ်စိုက်ပျိုးရေးကြီးကြပ်ရေးကော်မတီအဖွဲ့များအနေဖြင့် ဆောင်ရွက်ပေး လျက်ရှိကြောင်း နွေစပါးစိုက်ပျိုး ရာတွင် အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသအတွင်း ဆန်ဖူလုံမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေမည့်အပြင် ပြည်ပသို့လည်းပိုမိုတင်ပို့နိုင်မည် ဖြစ်ကာဆန်ဈေးနှုန်းတည်ငြိမ်ရေးကိုလည်း အထောက်အကူပြုစေမည် ဖြစ်ကြောင်းသိရသည်။

DOCA(ရန်ကုန်)