
ဝန်ဆောင်မှုလုပ်ငန်းများ များပြားလာ၍ စားသုံးသူများ စိတ်ကျေနပ်မှု ရှိစွာ ဝယ်ယူ နိုင်ရေးအတွက် Deliveryလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ဆက်စပ်လျှက်ရှိသော ဥပဒေပါတားမြစ်ချက်များကို လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျှက်ရှိသည်။
၂၁.၂.၂၀၂၅ ရက်နေ့ (၁၁၀၀)နာရီအချိန်က မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ် တာဝန်ခံ ဦးဝင်မင်းစိုးနှင့် ဝန်ထမ်းများသည် Deliveryလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကိုဆောင်ရွက်ခဲ့ကြသည်။
အဆိုပါဟောပြောဆွေးနွေးပွဲတွင် Royal Express, Bee express, Ninjaven , MGL Express, Arlu Post, Myanmar Fast Express , စသည့် လုပ်ငန်းရှင်များအားခေါ့်ယူတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုကို ရှင်းလင်းပြီး ဝန်ဆောင်မှုလုပ်ငန်းနှင့် စပ်လျဉ်းသော ဥပဒေပါ လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြီး ကုန်စည်နှင့် ဝန်ဆောင်မှု၏ အဓိပ္ပါယ်များအကြောင်း၊ စီးပွားရေး လုပ်ငန်းရှင် တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် ဝန်ဆောင်မှုလုပ်ငန်းနှင့်ပတ်သက်၍ အာမခံချက်ပေးခြင်းအကြောင်း၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်နှင့် စပ်လျဉ်းသည့် စားသုံးသူတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း ရှင်းလင်းကာ စီးပွားရေးလုပ်ငန်းရှင်မှ မိမိကုန်စည်နှင့် ဝန်ဆောင်မှုများကို သတ်မှတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ရန်၊ သတ်မှတ်ချက်များကို မရှိပဲ လုပ်ငန်းကို လုပ်ဆောင်နေပါက တားမြစ်ချက်ဆိုင်ရာ ပြဌာန်း ချက်၊ ဥပဒေပါ ပြဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ပါက စီမံခန့်ခွဲရေးနည်းလမ်းဥပဒေအရ ကုန်စည် ဝန်ဆောင်မှုကို ကာလ အကန့်အသတ်တားမြစ်ခြင်း၊ လုပ်ငန်းလိုင်စင် ယာယီ/အမြဲပိတ်သိမ်းနိုင်ရန် အစိုးရဌာနနှင့် ညှိနိုင်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်းကိုလည်းကောင်း စားသုံးသူရေးရာ အချက်အလက်နှင့် ပတ်သက်၍ စားသုံးသူ/စီးပွားရေးလုပ်ငန်းရှင်များက ဦးစီးဌာန၏ Consumer Call Center နံပါတ် 1535 သို့ ရုံးချိန်အတွင်းလည်းကောင်းဆက်သွယ်မေးမြန်းနိုင်ကြောင်းကို အသိပညာပေး ရှင်းလင်း ဟောပြောဆွေးနွေးခဲ့ပြီး Deliveryလုပ်ငန်း (၅)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)