
Online စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းအား ၂၁-၇-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃) ဖြင့် အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှစ၍ Online Sale မှတ်ပုံတင်လက်မှတ် လျှောက်ထားလာမှုများအား မြေပြင်ကွင်းဆင်း စစ်ဆေး၍ လျှောက်ထားသည့့််အချက်အလက်များနှင့် မြေပြင်တွင် အမှန်တကယ် ကိုက်ညီမှုရှိမှသာလျှင် မှတ်ပုံတင်လက်မှတ်ထုတ်ပေးမည်ဖြစ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မေသက်ထွန်း၊ ဦးမျိုးထွန်း ၊ ဦးတင်ချစ်ကောင်း နှင့် ဒေါ်မြင့်မာလာဝင်း တို့သည် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ (၁၄-၂-၂၀၂၅)၊ (၁၉-၂-၂၀၂၅ )နှင့် (၂၀-၂-၂၀၂၅ ) ရက်နေ့တို့တွင် မန္တလေးမြို့ပေါ်ရှိ Online Sale မှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းများ ဖြစ်သည့် WahWah Online Busciness ၊ ROYAL AURORA GEMS& JEWELRY၊ THE PERFECT DIAMOND ၊ Zambu Diut ၊ B2G Mobile Accessories ၊ JOB COMET COMPANY LIMITED ၊ Lithium Battery ၊ Nyein Lay ၊ Yin Phyo Wai ၊ Htet Yadanar Online Shop ၊ Yadanar Moe Clothing Store ၊ Japan Crazy Online Shop ၊ Nora Bags Retail & Wholesale ၊ Win Win Organic ၊ Zabu Htate Tan Gold Shop ၊ Cele ၊ T Group ၊ Y2A-Clothing ၊ Joy Detox & Healthy Meal ၊Eait Yadanar Gems & Jewelry ၊V's Collection ၊Ma Yin Yin စသည့် (၂၂) ဆိုင်တို့မှ လျှောက်ထားသည့် ကုန်စည်များဖြစ်သည့် လက်ဝတ်ရတနာပစ္စည်းများ၊ ဖန်စီ ပစ္စည်းများ၊အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင် ပစ္စည်းများ၊ ကျန်းမာရေးဝန်ဆောင်မှု၊ FDA မှ အတည်ပြုထားသည့် ဆေးဝါး၊ ဖြည့်စွက်စာများ၊ ကုသရေးသုံး ပစ္စည်းများ၊အလှကုန်များနှင့့််လူသုံးကုန်များစသည့်လုပ်ငန်းများအား သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ(၂၄-၂-၂၀၂၅)ရက်နေ့ အထိ Online Sale မှတ်ပုံတင်လျှောက်ထားသည့် မြေပြင်စစ်ဆေးရမည့် လုပ်ငန်း (၉၈ )ခုရှိရာ Online Sale မှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်းများဖြစ်သည့် လက်ဝတ်ရတနာပစ္စည်းများ၊ ဖန်စီပစ္စည်းများ ၊ ကလေးအသုံးအဆောင်ပစ္စည်းများ ၊ အထည်အလိပ် ၊ အဝတ်အထည်နှင့်ဆက်စပ် ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ ၊ အလှကုန်များ ၊ လူသုံးကုန်များ ၊ လက်မှုပစ္စည်းများ၊ အခြားသုံးပစ္စည်းများနှင့် FDA မှအတည်ပြုထားသည့်ဆေးဝါးဖြည့်စွက်စာများ၊ ကုသရေးသုံးပစ္စည်းများ ရောင်းချသည့် လုပ်ငန်း (၉၁) ခုအား မြေပြင်စစ်ဆေးခဲ့ပြီး တင်ပြဆောင်ရွက်လျှက်ရှိကြောင်းနှင့် စစ်ဆေးရန် ကျန်ရှိနေသော Online Sale မှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းများအား ဆက်လက်၍ မြေပြင်စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)