Main menu

မြင်းခြံမြို့ရှိ ဆိတ်သားခြောက်ကင်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊  မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် မြင်းခြံမြို့ရှိ MSME လုပ်ငန်းများ ဖွံ့ဖြို့တိုးတက်ရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဥပဒေများနှင့်အညီထုတ်လုပ်နိုင်စေ ရေးအတွက်  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရှိရာ ( ၂၄.၂. ၂၀၂၅ ) ရက်နေ့၊ နေ့လည် ( ၁၃:၀၀ ) နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့် ဝန်ထမ်းများသည် မြင်းခြံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ အန်တီနှင်းအမှတ်တံဆိပ် ဆိတ်သားခြောက်ကင်၊ ကြက်သား ခြောက်ကင်၊ ငါးရံ့ခြောက်ကင်နှင့် အာဗြဲခြောက်ကင်လုပ်ငန်းခွင်သို့ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အန်တီနှင်းအမှတ်တံဆိပ်လုပ်ငန်းသည် ယခင်ကနေ့စဉ်ကုန်ကြမ်း(ဆိတ်သား) အချိန် (၁၀၀) ပိဿာ အသုံးပြုရကြောင်း၊  လက်ရှိတွင်ကုန်ကြမ်း (ဆိတ်သား) ရရှိမှုနည်းပါး၍ ၇၀/၈၀ ပိဿာ ခန့်သာလုပ်ကိုင်လျက်ရှိပါကြောင်း၊ အသားခြောက်လှန်းနှင့် အသားခြောက်ထုရာတွင် အမျိုးသား လုပ်သား(၁၀)ဦးခန့်နှင့် အသားကင် ၊ ပါကင်ထည့်လုပ်သားအမျိုးသမီး (၁၅) ဦးဖြင့် နေ့စဉ်လုပ်ကိုင် လျက်ရှိကြောင်း ၊ အသားခြောက်ဗူးများကို (၅)ကျပ်သား၊ (၁၀) ကျပ်သား၊ (၁၅)ကျပ်သား ဖြင့် ထုတ်လုပ်ပြီး တောင်ကြီးမြို့၊ ကလောမြို့ ၊ ရန်ကုန်မြို့ ၊ မိတ္ထီလာမြို့ စသည့်ဒေသများသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။ ခရိုင်ဦးစီးမှူးမှ  MSME လုပ်ငန်းများဖွံ ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သောကုန်ပစ္စည်း များကို သန့်ရှင်းသပ်ရပ်စွာဖြင့်ထုတ်လုပ်၍ ကျန်းမာရေးနှင့်ညီညွတ်ရန် အထူးအလေးထားလုပ် ဆောင်ရမည်ဖြစ်ပါကြောင်း၊ ဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေးနှင့် သက်ဆိုင်ရာဌာနများ၏ ပြဌာန်းချက်များကိုလည်း လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း အသိပညာပေး၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)