
စားသုံးသူရေးရာဉီးစီးဌာနမှ ပြည်သူများကို မိမိတို့စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ သိမြင်နားလည်စေရန်အတွက် ရည်ရွယ်၍ Talk Show အစီအစဉ်များ ကျင်းပပြုလုပ်လျက်ရှိပါသည်။ စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show ကို ဟုမ္မလင်းမြို့နယ် မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းဝင်း(ဒု-ကြီးကြပ်ရေးမှူး)၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနမှ ဒေါ်မဉ္ဇူအေး(ဒု-မြို့နယ်မှူး)တို့သည် ( ၂၆.၂.၂၀၂၅ ) ရက်နေ့၊ နံနက် ( ၁၀ : ၃၀ ) နာရီ အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းဝင်းမှ “ကုန်စည်/ ဝန်ဆောင် စိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ခေါင်းစဉ်ဖြင့် Talk Show ကျင်းပပြုလုပ်ရာတွင် ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချမှုရှိစေရေးအတွက် လိုအပ်ပါကသက်ဆိုင်ရာ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက် ခြင်း၊ စားသုံးသူများ အသုံးပြုမည့်ကုန်စည်များ ထုတ်လုပ်ခြင်းအပေါ် ဘေးအန္တရာယ် ကင်းရှင်း စေရေး ဆောင်ရွက်ခြင်းတို့ကို သိရှိစေရန် ပြောကြားခဲ့ကြောင်း သတင်းရရှိရပါသည်။
DOCA(စစ်ကိုင်း)