
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခေတ္တခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ ခရိုင်ရုံမှ ဝန်ထမ်း(၄)ဦး သည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၅)ရက်နေ့တွင် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ စိန်ကြည်”ခေါက်ဆွဲစက်ရုံမှ ထုတ်လုပ်သည့် ကုန်စည် များကို ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေး ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် “စိန်ကြည်”ခေါက်ဆွဲစက်ရုံမှ “စိန်ကြည်”အမှတ်တံဆိပ် ဂျုံခေါက်ဆွဲ (နန်းလုံး)(၃၆၀)ဂရမ်နှင့် ကြက်ဥဂျုံခေါက်ဆွဲ(နန်းလုံး)(၄၀၀)ဂရမ် ကုန်စည်အမျိုးအစား(၂)မျိုး ထုတ်လုပ် ဖြန့်ဖြူးရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပြီး ၎င်းကုန်စည်(၂)မျိုး၏ ထုတ်ပိုးမှုပေါ်တွင် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန် ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ကိုက်ညီမှုရှိကြောင်း စိစစ်တွေ့ရှိရသည်။ စားသုံးသူ ရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များအကြောင်း ဆွေးနွေး ပြောကြားခဲ့ပြီး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ စက်ရုံ၏ လုပ်ငန်းလည်ပတ်နေမှုအား ကြည့်ရှု့စစ်ဆေးခဲ့ ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)