Main menu

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာများအကြောင်း ရှင်းလင်းဆွေးနွေး

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမြင့်ငြိမ်းသည်   (၂၆.၂.၂၀၂၅ )ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သည့် ပုံမှန်ကာလတို အသက်မွေးဝမ်းကျောင်းသင်တန်းဖြစ်သည့် တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းရှိ သင်တန်းသူ၊ သင်တန်းသား (၂၇)ဦးအား ၎င်းတို့ထုတ်လုပ်မည့် စားသောက်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ သိကောင်းစရာများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချမည်ဆိုပါက မှတ်ပုံတင်ပြီးမှသာ ရောင်းချရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်လက်မှတ် လျှောက် ထားရာတွင် လိုအပ်သည့်အချက်များအား ဆွေးနွေးဟောပြောခဲ့ရာ သင်တန်းသား၊ သင်တန်းသူများ ကလည်း သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)