Main menu

မိုးညိုမြို့၌စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ဈေးလမ်း ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်ဦးခင်နိုင်(၂၆ .၂.၂၀၂၅ )ရက်နေ့၊ နံနက်( ၁၀:၀၀)နာရီအချိန်တွင် 

  မြို့နယ်တာဝန်ခံ   ဦးမောင်မောင်အေး နှင့်တွေ့ဆုံ၍ စားသုံးသူ ကာကွယ် ရေး ဥပဒေအခန်း (၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်  အသား ‌ဖော်ပြခြင်းနှင့် စပ်လျဉ်း၍  ကုန်စည်အမျိုးအစား အလိုက်  သတ်မှတ်ချက်များနှင့်  အညီဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏ အရည်အသွေး၊ ထုတ်လုပ် ရက်စွဲ ၊ သက်တမ်းကုန် ဆုံးရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများအား လည်းကောင်း၊ ဥပဒေ  အခန်း(၁၀) ပါစီးပွားရေး  လုပ်ငန်းရှင်၏  တာဝန်များ၊ ဥပဒေအခန်း (၁၁) ပါ ကုန်စည်နှင့်စပ်လျဉ်း၍   အာမခံချက်ပေးခြင်းဖြင့် စားသုံးသူ လက်ခံနိုင်သည့်အရည်အသွေးရှိခြင်းကို အထူးအလေးထား  ဆောင်ရွက်ရန်အသိပညာပေး  ဆွေးနွေးဆောင်ရွက်ခဲ့ပြီးလက်

ကမ်းစာ‌စောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)