
စားသုံးသူရေးရာဦးစီးဌာန၊ပုဇွန်တောင်မြို့နယ်ခွဲတာဝန်ခံ ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး) နှင့် ဝန်ထမ်း(၂)ဦးသည် (၂၅-၂-၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပုဇွန်တောင်ဈေး စည်ပင်မှ ဈေးတာဝန်ခံဦးစိုးနိုင်တို့နှင့်ပူးပေါင်းကာ ဈေးကွက်အတွင်းရောင်းချနေသော တိုင်းရင်း ဆေးအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးခဲ့ရာတွင် တိုင်းရင်းဆေး အမျိုးမျိုးရောင်းချသော ဈေးအတွင်းရှိ ဦးသန်းစိုးဆေးဆိုင်၊ မင်းမင်းဆေးဆိုင်များရှိ တိုင်းရင်းဆေးဝါးများအား စားသုံးသူဥပဒေပါ အခန်း(၈)တွင် ဖော်ပြထားသော ကုန်စည်တွင ပါဝင်ရမည့် အချက်များဖြစ်သော ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသား တင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေး ချက်များဖော်ပြထား သည်ကိုစစ်ဆေးတွေ့ရှိရပြီး ဆေးဆိုင်များ အနေဖြင့် လည်း ကုန်အညွှန်းအမှတ်အသား မပြည့်စုံသော တိုင်းရင်းဆေးဝါးများရောင်းချခြင်းမပြုကြရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)