Main menu

အွန်လိုင်းမှတ်ပုံ တင်လျှောက်ထားရာတွင် လိုအပ်သည့်အချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးခြင်း

Powered by Drupal

၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ နံနက်(၁၀း၃၀)နာရီ အချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးမှ ဝန်ထမ်းများက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အွန်လိုင်းစနစ်နှင့် အဝတ်အထည်၊ အလှကုန်ပစ္စည်း ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်သည့် လုပ်ငန်းရှင်အား အွန်လိုင်းမှတ်ပုံတင် လျှောက်ထား ရာတွင် လိုအပ်သည့်အချက်များနှင့် စားသုံးသူကာကွယ် ရေးဥပဒေအကြောင်း သိကောင်းစရာများကို  ဒေါပုံမြို့နယ်အတွင်း အွန်လိုင်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သိရှိ ရပါသည်။

      အဆိုပါတွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်း နှင့်စပ်လျဥ်း၍ မှတ်ပုံတင်လျှောက်ထားရာတွင်  ကြိုတင်ပြင်ဆင်ထားရှိရမည့် အထောက်အထားများ၊ အခြေ ခံလိုအပ်ချက်များ၊ လျှောက်ထားခြင်းပုံစံအဆင့်ဆင့်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့် အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းဆိုင်ရာများအကြောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)