
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီ အချိန်တွင် စားသုံးသူရေး ရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲများဖြင့်ပူးပေါင်း၍ ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေးနှင့် ပြည်တွင်းထုတ်စားသုံးဆီများတွင် ရောနှောဆီများ၊ FDA ထောက်ခံ ချက်များ ပါရှိမှု ရှိ/မရှိ မြောက်ဒဂုံမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်ကြီးများနှင့် စားသုံးဆီရောင်း ချသည့် ကုန်စုံဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာတွင် ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေးအတွက် ဆန်စျေးနှုန်းများ စျေးနှုန်းမြှင့်တင် ရောင်းချမှုများ ရှိ/မရှိ၊ အလေး ချိန်မှန်ကန်စွာဖြင့် ချိန်တွယ်ရောင်းချမှုများ ရှိ/မရှိနှင့် ဝိသမလောဘဖြင့် သိုလှောင်မှုများ ရှိ/မရှိ စစ် ဆေးခြင်း၊ စားသုံးဆီများအား စစ်ဆေးရာတွင် ရောနှောဆီများအား သတ်မှတ်ချက်များနှင့်အညီ ရောင်းချနေမှုများ ရှိ/မရှိ၊ ပြည်တွင်းစားသုံးဆီများတွင် FDA ထောက်ခံချက်များ ပါရှိမှု ရှိ/မရှိ စစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)