Main menu

“ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိဆန်ဆိုင်များသို့ကွင်းဆင်း စစ်ဆေးခြင်း ”

Powered by Drupal

ကော့မှူးမြို့နယ်၊ ဖေဖော်ဝါရီလ (၂၇) ရက်

            ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ ဆန်နှင့်ဆန်ထွက်ပစ္စည်းများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဆန်ဆိုင်များသို့ ဖေဖော်ဝါရီလ (၂၅)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးနှုန်းအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဖေဖော်ဝါရီလအတွက် သင့်တင့် မျှတသော ဆန်ဈေးကွက်ဈေးနှုန်းနှင့် Consumer Packaging ဖြင့် ရောင်းချမှုများတွက် စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ထုတ်ပြန်ကြေငြာခဲ့ရာ သင့်တင့်မျှတသည့် ဆန်ဈေးကွက် ဈေးနှုန်းအတိုင်း Super Market၊ Mini Mart ၊ များအပါအဝင် မြို့နယ်များရှိ ဈေးကွက်အတွင်း ပြန်လည်ဖြန့်ဖြူးရောင်းချနိုင်ရေးကို ကြပ်မတ်ဆောင်ရွက်နိုင်ရန် ကော့မှူးမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ညွှန်ကြားချက်နှင့်အညီ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင် အရာရှိ ဦးတင်ထွန်းအောင်နှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီး ဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့ ပူးပေါင်းအဖွဲ့သည် ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆန်ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များအား ဆန်အမျိုးအစား အလိုက် သတ်မှတ်ထားသော သင့်တင့်မျှတသည့် ဆန်ဈေးနှုန်းများထက်ကျော်လွန်ပြီး ဖြန့်ဖြူး ရောင်းချခြင်းများ မပြုလုပ်ကြရန်၊ ဆန်ဈေးနှုန်းတည်ငြိမ်မှုမရှိစေရေးနှင့် ဈေးကစားရန် ရည်ရွယ် ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် အသိပညာပေးဟောပြောခဲ့ပြီး ဆန်အမျိုး အစားအလိုက် ယခင်လဈေးနှုန်း၊ ယခုလဈေးနှုန်းတို့အား စာရင်းကောက်ယူ ရှောင်တခင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)