Main menu

“ခရမ်းမြို့နယ်တွင်ဈေးကွက်မရောက်မီကုန်စည်များအားကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ”

Powered by Drupal

ခရမ်းမြို့နယ်၊ ဖေဖော်ဝါရီလ (၂၇) ရက်

စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြ ခြင်းဖြင့် စားသုံးသူများ၊ ကုန်သည်များ စားသုံးအသုံးပြုရာတွင် လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံ မှန်ကန်စွာရရှိ၍ ဘေးအန္တရာယ်ကင်းရှင်းနိုင်စေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် တာဝန်ခံသည် မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်ပြည်သူ့ ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ ပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် (၂၅.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ခရမ်းမြို့အမှတ် (၁၁)ရပ်ကွက်၊ ရွာမလမ်းရှိ AA အမှတ်တံဆိပ်ဖြင့် ထုတ်လုပ် သော ပေါင်မုန့်၊ ကိတ်မုန့်မျိုးစုံ အလုပ်ရုံသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

            ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် AA အမှတ်တံဆိပ်ပေါင်မုန့်၊ ကိတ်မုန့်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များတွင် မြန်မာဘာသာဖြင့်ဖော်ပြရမည့်အချက်များနှင့်ကိုက်ညီမှု ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး မုန့်များထုတ်လုပ်ရာတွင်လည်း သန့်ရှင်းမှုရှိပြီး ကျန်းမာရေးဌာန၏ အချက်များ နှင့်ကိုက်ညီမှုရှိကြောင်း တွေ့ရှိရပြီး မြို့နယ်တာဝန်ခံမှ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွားဖော်ပြထား ခြင်းကြောင့် စားသုံးသူများသည် သတင်းအချက်အလက်မှန်ကန်စွာရရှိ၍ စိတ်ကျေနပ်မှုများ ရရှိ၍ မိမိတို့ လုပ်ငန်းများလည်း ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)