Main menu

“ ခရမ်းမြို့နယ်၌AAအမှတ်တံဆိပ်မုန့်တိုက်တွင်လုပ်ငန်းရှင်များအားအသိပညာပေးခြင်း ”

Powered by Drupal

ခရမ်းမြို့နယ်၊ ဖေဖော်ဝါရီလ (၂၇) ရက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်နှင့် ဝန်ထမ်းများသည် အမှတ်(၁၁)ရပ်ကွက် ရွာမလမ်းရှိ AA အမှတ်တံဆိပ် ပေါင်မုန့်၊ ကိတ်မုန့် ထုတ်လုပ်သော မုန့်တိုက်တွင် မုန့်လုပ်ငန်းရှင်နှင့် မုန့်ထုတ် လုပ်သော ဝန်ထမ်းများအား အသိပညာပေးခဲ့သည်။

ထိုသို့အသိပညာပေးဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဌာန်းထားသော စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်များထုတ်လုပ်ရာတွင် ဥပဒေပါပြဌာန်းထားသော အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)တွင် ညွှန်ကြားထားသော မြန်မာဘာသာဖြင့်ဖ ော်ပြရမည့်အချက်များအား သိရှိလိုက်နာဆောင်ရွက်၍ စာသုံးသူများအား သတင်းအချက်အလက် ပြည့်စုံစွာပေးရေးနှင့် လုပ်ငန်းရှင်သည် မိမိထုတ်လုပ်သော ကုန်စည်မဟုတ်ဘဲ အခြားကုန်စည်နှင့် ဝန်ဆောင်မှုများဝယ်ယူသုံးစွဲရာတွင်လည်း  စားသုံးသူပင်ဖြစ်၍ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲ ရာတွင်နစ်နာဆုံးရှုံးမှုများ ရှိလာလျှင်ဖြစ်စေ၊ သတင်းအချက်အလက်များအလွယ်တကူ မေးမြန်းစုံစမ်း လိုလျှင်ဖြစ်စေ၊ ကုန်အညွှန်းအမှတ်အသားအပါအဝင် လိုက်နာဆောင်ရွက်ရမည့်အချက်အလက်များကို အလွယ်တကူစုံစမ်းသိရှိလိုလျှင် စားသုံးသူရေးရာဦးစီးဌာန ၏ Consumer Call Center နံပါတ်1535 သို့ ဖုန်းခေါ်ဆို၍ စုံစမ်းမေးမြန်းခြင်း တိုင်ကြားနိုင်ပါကြောင်းများအား အသိပညာပေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)