
သုံးခွမြို့နယ်၊ မတ်လ (၃) ရက်
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေး အတွင်း၊ အပြင်ရှိ ဆန်ဆိုင်များတွင် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း ဆန်ချောများတွင် ဆန်ကြမ်းများ ရောနှော ရောင်းချခြင်းရှိ/မရှိ ဖေဖော်ဝါရီလ (၂၇)ရက်နေ့၊ နေ့လည် (၁၁:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ဆန်စပါး နှင့်ဆန်ကုန်သည်ကြီးများအသင်းမှ ဥက္ကဌ၊ ဧရာမင်းဆန်ဆိုင်၊ ကျော်ဆန်ဆိုင်၊ ငြိမ်းချမ်းဆန်ဆိုင်၊ မွှေးဆန် ဆိုင်နှင့် ကိုမျိုးဇော်ဆန်ရောင်းဝယ်ရေးဆိုင်များသို့ ရွှေဘိုပေါ်ဆန်းနှင့် ဧရာဝတီပေါ်ဆန်း ဆန်များတွင် ဆန် ကြမ်းများ ရောနှော၍ရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း၊ ဆန်ကြမ်းဆန်ချောများအား သတ်မှတ် ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမရှိစေရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ဆန်ချော များမှာ ဘုရင့်နောင်ပွဲရုံမှ ဝယ်ယူ၍ရောင်းချကြကြောင်းနှင့် ဆန်ကြမ်းများအား ဒေသတွင်းမှ ဝယ်ယူရောင်း ချလျက်ရှိကြောင်း သိရသည်။
DOCA(ရန်ကုန်)