Main menu

“ သန်လျင်မြို့နယ်တွင်ဆန်ဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

သန်လျင်မြို့နယ်၊ မတ်လ  (၃) ရက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ ဆန်ဆိုင်များတွင် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း ဆန်ချောများတွင် ဆန်ကြမ်းများ ရောနှောရောင်းချခြင်း ရှိ/မရှိကို ဖေဖော်ဝါရီ (၂၇)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဆန်စပါးနှင့်ဆန်ကုန်သည်အသင်းမှဗဟိုအမှုအလုပ်ဆောင် များနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများသည် ဆန်ချော၊ဆန်ကြမ်းများရောင်းချသော ဒေါ်ခင်လေးဆန်ရောင်းဝယ်ရေး၊ ကျော်/ပို ဆန်ရောင်းဝယ်ရေး ၊ မိဘမေတ္တာဆန်ရောင်းဝယ်ရေးဆိုင်များသို့ ဆိုင်ပိုင်ရှင်စီးပွားရေး လုပ်ငန်းရှင်နှင့် တွေ့ဆုံပြီး ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း ဆန်ချောများတွင် ဆန်ကြမ်းများရောနှောပြီး ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဆန်ချော၊ ဆန်ကြမ်းများအား သတ်မှတ်ထားသော ရည်ညွှန်းဈေးထက်ပို၍ ရောင်းချခြင်းများမပြုလုပ်ကြရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ဆန်ချော၊ ဆန်ကြမ်းများအား ဘုရင့်နောင်ပွဲရုံမှာ ဝယ်ယူရောင်းချခြင်း အခြေအနေအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)