Main menu

“ ကွမ်းခြံကုန်းမြို့နယ်ဈေးကွက်အတွင်းရောင်းချနေသောဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

ကွမ်းခြံကုန်းမြို့နယ်၊ မတ်  () ရက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာဈေးအတွင်း ရောင်းချ ရှိသော ဆန်ဆိုင်များတွင် ဆန်ချောအမျိုးအစားများ ဖြစ်သော ဘေးကြာ၊ တောင်ပျံ၊ ကြားပျံ ဆန်များတွင် ဆန်ကြမ်းများရောနှောရောင်းချခြင်းရှိ/မရှိ ဖေဖော်ဝါရီလ (၂၇)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကွမ်းခြံကုန်းမြို့နယ်ဆန်စပါးအသင်းမှ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဆန်စက်ပိုင်ရှင်များ အသင်း၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ နှင့်ဝန်ထမ်းများ ပူးပေါင်း၍ ကွမ်းခြံကုန်းမြိုနယ် မြို့မဈေးအတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆိုင်အမှတ် (၃၁၃) ဒေါ်အေးကြိုင် ဆန်နှင့်ဆန်ထွက်ပစ္စည်း ရောင်းဝယ်ရေး၊ ဆိုင်အမှတ် (၅၈) ကိုမျိုးသွင် ဆန်နှင့်ဆန်ထွက်ပစ္စည်းရောင်းဝယ်ရေး၊ ဆိုင်အမှတ်(၅၅) ကိုရန်ကုန်သား ဆန်နှင့်ဆန် ထွက်ပစ္စည်းရောင်းဝယ်ရေး၊ ဆိုင်အမှတ်(၅၆/၅၇) ဦးသန်းအေး+ဒေါ်အေးလှိုင် ဆန်နှင့်ဆန်ထွက် ပစ္စည်းရောင်းဝယ်ရေး၊ ဆိုင်အမှတ် (၅၃) ကိုနိုင်ထွန်း+ မရီမြင့် ဆန်နှင့်ဆန်ထွက်ပစ္စည်းရောင်းဝယ် ရေး၊ ဆိုင်အမှတ် (၂၈၁) အောင် မိသားစု ဆန်ရောင်းဝယ်ရေး ဆန်ဆိုင်တို့တွင် ဆန်ချောများတွင် ဆန်ကြမ်းများ ရောနှောခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ ဆန်ချောများတွင် ဆန်ကြမ်းများရောနှောရောင်းချခြင်း မရှိကြောင်း တွေ့ရှိရပြီး ဆန်ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ထုတ်ပြန်ထားသော သင့်တင့်မျှတသော ဈေးနှုန်းဖြင့်သာ ရောင်းချသွားကြရန် စားသုံးသူအား လိမ်လည်လှည့်ဖျားပြီး ဆန်များရောနှောရောင်းချခြင်း မပြုလုပ်ကြရန် တွေ့ဆုံ ဆွေးနွေး အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)