Main menu

“ ခရမ်းမြို့နယ်၌ဆန်ဆိုင်များတွင်ဆန်များရောနှောရောင်းချမှုမရှိစေရေးနှင့်ဆန်ဈေးနှုန်း တည်ငြိမ်စေရေးကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

ခရမ်းမြို့နယ်၊ မတ်  () ရက်

          ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၂၇)ရက် နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်ဆန်စပါးအသင်း ဥက္ကဌနှင့် ပူးပေါင်းအဖွဲ့တို့သည် စည်ပင်သာယာ မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များနှင့် ဈေးပြင်ပများရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ရွှေခြင်္သေ့ဆန်ဆိုင်၊ ပြည့်ဝဆန်ဆိုင်၊ ဒေါ်သောင်းသောင်း ဆန်ဆိုင် နှင့် ကရင်ကန်ဆန်ဆိုင်များတွင် ရောင်းချလျက်ရှိသော ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း ဆန်ချောများတွင် အရည်အသွေးမတူညီသော ဆန်ကြမ်းများရောနှော ရောင်းချနေမှုရှိ/မရှိအား ကြည့်ရှု့စစ်ဆေးခဲ့ရာတွင် ရောနှောရောင်းချခြင်းများမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆန်ရောင်း ချရမှုအခြေအနေ၊ ဆန်လက်ကျန်များ ဝယ်ယူသည့်အခြေအနေများ ပြန်လည်ရောင်းချသော ဈေးနှုန်းများနှင့်ဆန်ဈေး ကွက်အခြေအနေမျာအား စုံစမ်းခဲ့ရာတွင် ယခုအချိန်သည် နွေဆန် အသစ်များထွက်ပေါ်လာ၍ ဆန်ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း၊ ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း ဆန်များသည် မြို့နယ်မှစပါးစိုက်ပျိုးမှု မရှိသောကြောင့် ၎င်းဆန်များအား ရန်ကုန်ဘုရင့်နောင်ပွဲရုံမှ ဝယ်ယူ၍ရောင်း ချလျက်ရှိပြီး မြို့နယ်မှထွက်ရှိသော ဆန်ကြမ်း ဧည့်မထအုပ်စုဆန်များဖြစ်သော ဆင်းသုခ၊ မနောသုခ၊ ရွှေမန်းဆန်များအား မြို့နယ်ဆန်စက် များမှဝယ်ယူ၍ရောင်းချလျက်ရှိပြီး စားသုံးသူရေး ရာဦးစီးဌာနမှ လစဉ်ထုတ်ပြန်ပေးသော သတ်မှတ်ရည်ညွှန်းဈေးများနှင့်အညီ ရောင်းချလျက်ရှိကြောင်းအား စိစစ်တွေ့ရှိရကြောင်း သိရသည်။

DOCA(ရန်ကုန်)