Main menu

ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့၊ နံနက်(၉:၀၀) နာရီအချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးသန့်ဇင်(ဦးစီးအရာရှိ) ဦးဆောင်၍  ဗဟိုစာရင်းအင်းဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနတို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေး အတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များမှ ကုန်ပစ္စည်းများမှာ ယခင်အပတ်နှင့်ဈေးနှုန်းနှိုင်းယှဉ် ပါက ကြက်သွန်နီ၊ ငရုတ်ခြောက်ရှည်၊ ကုလားပဲနှင့် ကြက်ဥ၊ဘဲဥ ဈေးနှုန်းများအနည်းငယ် ကျဆင်းလာပြီး ထိုကဲ့သို့ ဈေးနှုန်းကျဆင်းလာရခြင်းမှာ ကြက်သွန်နီ၊ ငရုတ်ခြောက်ရှည် ကုလားပဲ ခရမ်းချဉ်သီးများ ဒေသတွင်းသို့ အဝင်များသောကြောင့်ဖြစ်ကြပါသည်။ ကြက်ဥ၊ဘဲဥ ဈေးနှုန်း ကျဆင်းရခြင်းမှာ ကြက်စာ၊ ဘဲစာများ ဈေးနှုန်းကျဆင်းခဲ့သောကြောင့် ဖြစ်ပါသည်။ ဝက်သား ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ပါသည်။ ယင်းသို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဝက်စာနှင့်ကုန်ကြမ်း များ ရှားပါးလာသောကြောင့်ဖြစ်ပါသည်။

  ထို့နောက် စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် အခြေခံစားသောက်ကုန်များ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သင့်တင့်မျှတသောဈေးနှုန်းများဖြင့်သာ ရောင်းချကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ “စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ” ကို လိုက်နာ ဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)